Mobile APN INTERNET MMS Tweaker



Mobile မှာရှိတဲ့ APN ဆိုတာကို အားလုံးသိကြမယ်လို့ထင်ပါတယ်။ မသိသေးတဲ့သူတွေ အတွက်လည်း ကျွန်တော်သိသလောက် ရှင်းပြမှာပါ။ Access Point Name ရဲ့အတိုကောက်က APN ပဲဖြစ်ပါတယ်။ အဲ့ဒီဟာက ဘာလို့ Mobile တွေထဲမှာ အရေးကြီးလဲ ဆိုတော့ ဖုန်းတွေထဲမှာ Service Provider ကနေ Access Point Name မှတစ်ဆင့် Internet, MMS, Call စသည်အားဖြင့်ကို ဆက်သွယ်ပေးပါတယ်။ တစ်ချို့ဖုန်းတွေထဲမှာ ဒီဟာမရှိရင် အလုပ်မလုပ်ပါဘူး..တစ်ချို့မှာကလည်း အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ထည့်ထားတာပို ကောင်းပါတယ်။ Android ဖုန်းတွေအတွက်ပဲ ရမှာဖြစ်သလို Appstore မှာလည်းပြန်ရှာ ကြည့်နိုင်ပါတယ်။

သူငယ်ချင်းတွေနားလည်အောင်လို့ ကျွန်တော် ဥပမာ တစ်ခုပေးပြီး ရှင်းပြပေးပါမယ်။ ဆိုပါစို့...ကျွန်တော် ဖုန်းလိုင်းတစ်ခု ထည့်မယ်၊ Service နာမည်ကတော့ T-Mobile ပေါ့။ လိုင်းတော့ထည့်ပြီးပြီ ၊ Sim-Card ထည့်ပြီးပြီ ဒါပေမယ့် အင်တာနက်နဲ့ Message အလုပ် မလုပ်ဘူး။ ဖုန်းထဲက Settings > Mobile Network > APN မှာကြည့်တော့ ဘာမှမရှိပါဘူး။ အဲ့ဒါဒီ App လေးကိုသုံးပြီး T-mobile APN နဲ့ ရှာပါမယ်၊ ပြီးရင် သူဖြည့်ခိုင်းတဲ့ APN ကွပ်လပ် တွေထဲမှာ ဖြည့်ပြီး Save APN လုပ်၊ Phone Reboot လုပ်လိုက်တာနဲ့ အင်တာနက် ကော SMS တွေကော ရသွားမှာဖြစ်ပါတယ်။ အောက်က လင့်ခ်နဲ့ Playstore မှာသွားဒေါင်းလိုက်ပါတော့ခင်ဗျာ။

Download Here(Playstore)

Use your (Android) as Mouse or Keyboard


ဒီတစ်ခေါက် Desktop/Laptop ကွန်ပြူတာတွေကို ဖုန်းနဲ့ Mouse အနေနဲ့သုံးကြည့်ကြရအောင်ခင်ဗျာ။ သိထားရမှာက ဖုန်းနှင့် ကွန်ပြူတာသည် Network တစ်ခုတည်းသုံး ထားဖို့ပဲဖြစ်ပါတယ်။ သုံးပုံသုံးနည်းကတော့ ကျွန်တော်တို့ ဖုန်းထဲမှာ App တစ်ခုဒေါင်း လော့လုပ်မယ် ပြီးရင် ကျွန်ပြူတာထဲမှာ Software တစ်ခု Run ထားရမှာပါ။ ကွန်ပြူတာထဲမှာ ဖွင့်မဲ့ဖိုင်က Java ဖိုင်ဖြစ်တဲ့အတွက် ကွန်ပြူတာထဲမှာ Java Software အင်စတောလုပ်ဖို့ လိုပါလိမ့်မယ်။ အင်စတောမလုပ် ထားရသေးဘူး ဆိုရင်တော့ ဒီလင့်မှာ သွားပြီးဒေါင်းလိုက်ပါ။ Ready ဆိုရင်စလိုက်ရအောင်ဗျို့။

Rooted* Andriod တွင်မြန်မာကီးဘုတ်နှင့်ဖောင့်ထည့်နည်း



ဒီပိုစ့်မှာ ကျွန်တော်သုံးတဲ့ မြန်မာဖောင့်နဲ့ မြန်မာကီးဘုတ် ထည့်သွင်းတဲ့နည်းလေး ကိုပြန်ပြီးရှယ်မှာဖြစ်ပါတယ်။ ကိုယ်တိုင်မလုပ်ခင် သိထားရမှာက Phone က Root လုပ်ထားရမှာဖြစ်ပါတယ်။ ဤနည်းလမ်းတွင် Font Installer ၊ Zawgyifont2008 ဖောင့် နှင့် Multiling Keyboard ကိုအသုံးပြုသွားမည်ဖြစ်ပါသည်။ အသင့် Phone သည် Root လုပ်ထားပါက အောက်ကနည်းလမ်း အတိုင်းသာဆက်ပြီး လိုက်လုပ်ကြည့်လိုက်ကြပါ ခင်ဗျာ။

အကောင်းဆုံး Ringtones ၀က်ဆိုက်


ဖုန်းတွေအတွက် ကျွန်တော်တို့ Ringtones တွေဒေါင်းလော့ လုပ်မယ်ဆိုရင် ကျွန်တော်သုံးတဲ့ Website တစ်ခုကို သုံးကြည့်ကြပါ။ အဲ့ဒီ Website က ဖုန်းအမျိူးအမျိုးအတွက် Ringtone များအတွက် တင်ပေးထားပါတယ်။ ဒါကြောင့် သင်ကြိုက်ရာ tone ကိုဒေါင်းပြီးအသုံးပြုနိုင်သလို တစ်ခြားသော wallpaper နှင့် theme များလည်းတင်ပေးထားတဲ့ အတွက်ဒေါင်းနိုင်ပါတယ်။ For: Android, iPhone and Window Phone စမ်းချင်တဲ့သူတွေအတွက် အောက်ကပေး ထားသော လင်ခ့်မှာနှိပ်ပြီး သွားလေ့လာနိုင်ပါသည်။

[Website]

Software: BlueStacks_Mobile Apps Player



အခုဆိုရင် mobile တွေက အရမ်းခေတ်စားနေပါတယ်။ အဲ့ဒါကြောင့်လည်း ထုပ်လုပ်တဲ့သူတွေ အပြိုင်အဆိုင် ကြိုးစား ပြီးတော့ အမျိုးမျိုး ကောင်းအောင် သူတို့ Device တွေကို Upgrade လုပ်ပြီးရောင်းကြပါတယ်။ For example, they are trying to improve camera sensitivity in next generation smart phones. အဲလိုပဲ ကျွန်တော်တို့လို ဂိမ်း Player တွေ လည်း နည်းလမ်းတွေ အမျိုးမျိုးနဲ့ ဂိမ်းတွေဆော့လျက်ရှိပါတယ်။ လိုရင်းနဲ့တိုရှင်း ပြောရမယ်ဆိုရင် ကွန်ပြူတာမှာ mobile game app တွေအင်စတောလုပ်ပြီး သုံးကြဖို့နည်းအမျိုးမျိုးရှာ ကြမှာဖြစ်ပါတယ်။ အဲ့ဒီလို mobile applications တွေကို ကွန်ပြူတာမှာ သုံးနိုင်ဖို့အတွက် Bluestacks ဆိုတဲ့ ဆော့ဝဲလေးကို ကွန်ပြူတာထဲမှာ သွင်းပြီးသုံးရမှာ ဖြစ်ပါ တယ်။

ipod/phone:Let's use as webcam


ipod သို့မဟုတ် iphone မှာ ကွန်ပြူတာ တစ်လုံးနဲ့ webcam တတ်ထားသလို ထိုင်ကြည့်နေချင်သလား? အဲလိုဆိုလည်း ရပါတယ်၊ သို့မဟုတ် oovoo ပြောဖို့ webcam မရှိဘူးလား? ipod / iphone ကို webcam အနေဖြင့် အသုံးပြုမလား? အဲလိုဆိုလည်းအဆင်ပြေပါတယ်။ ကျွန်တော်ကတော့ mobile တွေနဲ့ပတ်သပ် ပြီးကြွမ်းကြွမ်း ကျင်ကျင်မရှိတော့ အဲ့ဒီ အကြောင်းတွေကို ပိုစ့်တင်ဖို့ကလည်း အမတန် ခဲရင်းပါတယ်။ သိသလောက် တတ်သလောက်လည်း ပြန်ှမျှဝေချင်ပါ တယ်။ ဒီဆော့ဝဲလေးကို ရှာတွေ့တာ သိပ်မကြာသေးပါဘူူး... တော်တော်မိုက်လို့လည်း ပြန်တင်လိုက်တာပါ။ စမ်းကြည့် ချင်သူများလည်း ပြန်ပြီးလက်တွေ့ စမ်းနိုင်ပါတယ်။ ဆက်လက်သာ ဖတ်ရှု့ပေတော့ဗျာ။