အခု Google Chrome သုံးသူများအတွက် နည်းကောင်းလေးတစ်ခု ပြန်ရှယ်လိုက်ပါတယ်။ ခုပုံမှာပြ ထားတဲ့ Tab တွေကိုကြည့်ကြည့်ပါ ၊ နဂို Tab တွေနဲ့မတူပါဘူး။ နဂို Tab တွေထက် သေးပြီးတော့ရှင်းပါ တယ် ၊ တစ်နည်းအားဖြင့် Pin ထားတယ်လို့ခေါ်ပါတယ်။ Window7 မှာTask-bar မှာ ပရိုဂရမ်တွေကို Pin သလိုမျိုးပါ။ Chrome မှာ Pin ထားပြီးဆိုရင် Chrome ကိုပိတ်လိုက်လည်း ပြန်ဖွင့်ရင် Pin ထားတဲ့ Website တွေ အဲဒီအတိုင်းရှိနေမှာ ပါ။ Pin အကြောင်းပြောတာနဲနဲ များသွားပြီ စမ်းပြီးတော့ Pin ကြည့်လိုက်ကြရအောင်။
နည်းလမ်း
Chrome ကိုဖွင့်ပြီးတော့ Tab ပေါ်မှာ RightClick ထောင့်ပြီးတော့ Pin tab ကိုနှိပ်လိုက်ပါ ၊ auto ဘယ်ဖက်ကိုရောက် သွားပါလိမ့်မယ်။ ပြန်ဖြုတ်မယ်ဆိုရင်တော့ အဲဒီ tab ပေါ်မှာ Right-Click ထောင့်ပြီး Unpin ဆို တာလေးကို ပြန်နှိပ် လိုက်ရင် ရပါပြီ။ မရှင်းရင်လည်း ဗီဒီယိုလေး ကြည့်လိုက်ပါ ၊ အဆင်ပြေမယ်လို့ ထင်ပါ တယ်။
Watch Tutorial Video