Windows 8 မှ Windows 7 သို့ပြောင်းနည်း

3 comments:


ဒီနည်းလမ်းလေးက Windows 8 ကနေ Windows 7 မှာရှိတဲ့ ပုံစံအတိုင်းပြောင်းတဲ့နည်းလမ်းလေးပါပဲ။ အချို့ပုံစံတွေပဲ ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့် System တစ်ခုလုံးပြောင်းမှာမဟုတ်ဘူးဆိုတာကိုတော့ သိရှိထားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာတွေကိုပြောင်းမလည်း ဆိုတာကို ကြည့်လိုက်ကြရအောင်။

Contents

Activator: Windows 7 2in1 Loaders

No comments:


Windows 7 အတွက် Key Activator လေးပါခင်ဗျာ။ Winrar ဖိုင်တစ်ခုထဲမှာ Version နှစ်မျိုးပေါင်းပြီးတော့ တင်ပေး လိုက်ပါတယ်။ info ကိုတော့ ဒီပိုစ့် မှာအပြည့်အစုံရေး ထားပေးတဲ့အတွက် ထက်ပြီးမရှင်းပြတော့ ပါဘူး။ ဒေါင်းပြီး လွယ်လွယ်ကူကူ အသုံးပြုရအောင် thumb-drive (သို့မဟုတ်) flash-drive ထဲမှာ ပစ်ထည့်ထားလိုက်ပေတော့။
အဆင်ပြေကြပါစေခင်ဗျာ။
Download Size: 2.69
Download : Directlink

Malwarebytes Key Works in all version



အွန်လိုင်းမှ ဗိုင်းရတ်စ် များနှင့် ကွန်ပြူတာပိုးများကိုကာ ကွယ်ပေးတဲ့ Anti-Virus ပရိုဂရမ်ပါ။ သူငယ်ချင်းတို့ သိတော့သိပါ လိမ့်မယ်၊ သုံးတော့သုံးဖူးကြမှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေတော့ ဒီဆော့ဝဲနဲ့ Security Essentials ပေါင်းပြီးသုံးပါတယ်။ ကျွန်တော့် ကွန်ပြူတာမှာ ပိုးဝင်ဖို့ဆိုတာ ခဲရင်းပါတယ်၊ ဘာလို့လဲဆိုတော့ Adware တွေ Toolbar တွေကိုလုံးဝမသုံး တာကြောင့် ပဲဖြစ်ပါတယ်။ ပြီးတော့ မသုံးတဲ့ Program တွေကိုလည်း တစ်လတစ်ခါ စစ်ပြီးဖျက်ပြစ်ပါတယ်။ ဒါပေမယ့်ဒီပိုစ့်ကို ဖတ်နေတဲ့အချိန်မှာ နောက်ကျနေပြီးဆိုလဲ ကိစ္စမရှိပါဘူး၊ အသင့်ကွန်ပြူတာထဲမှာရှိနေတဲ့ ပိုးတွေကိုလည်း Scan လုပ်ပြီးဖျတ်ပေး ပါတယ်။ ဆော့ဝဲကိုတော့ မူပိုင်လင့်ခ်ကနေ ဒေါင်းလော့လုပ်ပြီး ကီးဖိုင်ကိုတော့ ကျွန်တော်ပေးထားတဲ့ လင့်ခ်ကနေဒေါင်းပါ။ Activate မလုပ်ခင် အင်တာနက်ကို ခဏပိတ်ပေးထားပါ။ အားလုံးအဆင်ပြေ ကြပါစေ။

Mobile APN INTERNET MMS Tweaker



Mobile မှာရှိတဲ့ APN ဆိုတာကို အားလုံးသိကြမယ်လို့ထင်ပါတယ်။ မသိသေးတဲ့သူတွေ အတွက်လည်း ကျွန်တော်သိသလောက် ရှင်းပြမှာပါ။ Access Point Name ရဲ့အတိုကောက်က APN ပဲဖြစ်ပါတယ်။ အဲ့ဒီဟာက ဘာလို့ Mobile တွေထဲမှာ အရေးကြီးလဲ ဆိုတော့ ဖုန်းတွေထဲမှာ Service Provider ကနေ Access Point Name မှတစ်ဆင့် Internet, MMS, Call စသည်အားဖြင့်ကို ဆက်သွယ်ပေးပါတယ်။ တစ်ချို့ဖုန်းတွေထဲမှာ ဒီဟာမရှိရင် အလုပ်မလုပ်ပါဘူး..တစ်ချို့မှာကလည်း အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ထည့်ထားတာပို ကောင်းပါတယ်။ Android ဖုန်းတွေအတွက်ပဲ ရမှာဖြစ်သလို Appstore မှာလည်းပြန်ရှာ ကြည့်နိုင်ပါတယ်။

သူငယ်ချင်းတွေနားလည်အောင်လို့ ကျွန်တော် ဥပမာ တစ်ခုပေးပြီး ရှင်းပြပေးပါမယ်။ ဆိုပါစို့...ကျွန်တော် ဖုန်းလိုင်းတစ်ခု ထည့်မယ်၊ Service နာမည်ကတော့ T-Mobile ပေါ့။ လိုင်းတော့ထည့်ပြီးပြီ ၊ Sim-Card ထည့်ပြီးပြီ ဒါပေမယ့် အင်တာနက်နဲ့ Message အလုပ် မလုပ်ဘူး။ ဖုန်းထဲက Settings > Mobile Network > APN မှာကြည့်တော့ ဘာမှမရှိပါဘူး။ အဲ့ဒါဒီ App လေးကိုသုံးပြီး T-mobile APN နဲ့ ရှာပါမယ်၊ ပြီးရင် သူဖြည့်ခိုင်းတဲ့ APN ကွပ်လပ် တွေထဲမှာ ဖြည့်ပြီး Save APN လုပ်၊ Phone Reboot လုပ်လိုက်တာနဲ့ အင်တာနက် ကော SMS တွေကော ရသွားမှာဖြစ်ပါတယ်။ အောက်က လင့်ခ်နဲ့ Playstore မှာသွားဒေါင်းလိုက်ပါတော့ခင်ဗျာ။

Download Here(Playstore)