Mobile APN INTERNET MMS Tweaker



Mobile မှာရှိတဲ့ APN ဆိုတာကို အားလုံးသိကြမယ်လို့ထင်ပါတယ်။ မသိသေးတဲ့သူတွေ အတွက်လည်း ကျွန်တော်သိသလောက် ရှင်းပြမှာပါ။ Access Point Name ရဲ့အတိုကောက်က APN ပဲဖြစ်ပါတယ်။ အဲ့ဒီဟာက ဘာလို့ Mobile တွေထဲမှာ အရေးကြီးလဲ ဆိုတော့ ဖုန်းတွေထဲမှာ Service Provider ကနေ Access Point Name မှတစ်ဆင့် Internet, MMS, Call စသည်အားဖြင့်ကို ဆက်သွယ်ပေးပါတယ်။ တစ်ချို့ဖုန်းတွေထဲမှာ ဒီဟာမရှိရင် အလုပ်မလုပ်ပါဘူး..တစ်ချို့မှာကလည်း အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ထည့်ထားတာပို ကောင်းပါတယ်။ Android ဖုန်းတွေအတွက်ပဲ ရမှာဖြစ်သလို Appstore မှာလည်းပြန်ရှာ ကြည့်နိုင်ပါတယ်။

သူငယ်ချင်းတွေနားလည်အောင်လို့ ကျွန်တော် ဥပမာ တစ်ခုပေးပြီး ရှင်းပြပေးပါမယ်။ ဆိုပါစို့...ကျွန်တော် ဖုန်းလိုင်းတစ်ခု ထည့်မယ်၊ Service နာမည်ကတော့ T-Mobile ပေါ့။ လိုင်းတော့ထည့်ပြီးပြီ ၊ Sim-Card ထည့်ပြီးပြီ ဒါပေမယ့် အင်တာနက်နဲ့ Message အလုပ် မလုပ်ဘူး။ ဖုန်းထဲက Settings > Mobile Network > APN မှာကြည့်တော့ ဘာမှမရှိပါဘူး။ အဲ့ဒါဒီ App လေးကိုသုံးပြီး T-mobile APN နဲ့ ရှာပါမယ်၊ ပြီးရင် သူဖြည့်ခိုင်းတဲ့ APN ကွပ်လပ် တွေထဲမှာ ဖြည့်ပြီး Save APN လုပ်၊ Phone Reboot လုပ်လိုက်တာနဲ့ အင်တာနက် ကော SMS တွေကော ရသွားမှာဖြစ်ပါတယ်။ အောက်က လင့်ခ်နဲ့ Playstore မှာသွားဒေါင်းလိုက်ပါတော့ခင်ဗျာ။

Download Here(Playstore)