Incinerate - Air Strike

2 comments:
Incinerate ဂိမ်းက လေယာဉ်နဲ့ ရန်သူတွေကို လိုက်ပစ်တဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ ဒီလိုပဲ တစ်ချို့ဂိမ်းတွေ ဆိုရင် keyboard နဲ့လိုက်ရွှေ့ရပါတယ်၊ အဲ့ဒီလိုဂိမ်းမျိုးတွေ ကျတော့ တော်တော်အလုပ်ရှုပ်ပြီး Gameover ဖြစ်တာများပါတယ်။ ဒီဂိမ်းကတော့ Mouse တစ်ခုတည်းနဲ့တင် လုံလောက်ပါပြီ။ နောက်တစ်နည်းအားဖြင့် ပေါ့ပေါ့ပါးပါးဂိမ်းလို့လဲခေါ်ပါတယ်။ ဖိုင်ဆိုက်ကလည်း နဲသလို ကွန်ပြူတာမှာလဲ အင်စတော လုပ်တဲ့အခါ စက္ကန့်ပိုင်းတွင်ပဲ အင်စတော ပြီးသွားမှာပါ။ အောက်မှာ အဆင်ပြေအောင် ဆိုပြီးတော့ System Requirement ပါရေးပေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။

Game: Motor Racing

No comments:
အပျင်းပြေဆော့နိုင်တဲ့ moto racing၊ မြန်မာလိုပြောရရင်တော့ ဆိုင်ကယ် ပြိုင်တာပေါ့။ ဆိုင်ကယ်ပြိုင်တဲ့ နေရာမှာလည်း သူများနဲ့ တန်းတူဖြစ်နေပြီးဆိုရင် သူများအနားသွား ကပ်ပြီးတော့ အသာလေး ဆိုင်ကယ်ပေါ် ကနေခြေထောက် နဲ့ကန်လိုက်ရင် ဟိုကောင် သွားပါလေရော...ခြုံထောင့်ကို။ ပြောတာပြောတာပဲဗျ ပထမ ဦးဆုံးရောက်ဖို့တောင် မနည်းဘူး ကြိုးစားရတယ်။ ကွန်ပြူတာ မှာလိုကာ မယ်ကာ ထည့်မယ်ဆိုရင်တော့ ဒေါင်းလိုက်ပေတော့ဗျာ။ FullVersion ဖြစ်တဲ့အတွက် ဘာဖိုင်တွေ ဘာနည်းတွေမှ မလိုပါဘူး။ အားလုံး လိုအပ်တာရှိရင် လည်း ကော်မန့်ပေးခဲ့ပါ။

FileSize: 24MB

Game Downloader & Finder : Intel Appup



Intel company ကထုပ်ထားတဲ့ AppUp ဆိုတဲ့ဆော့ဝဲလေး တစ်ခုနဲ့ မိတ်ဆပ်ပေးပါရစေ။ Mobile မှာနာမည်ကျော်နေတဲ့ ဂိမ်းတွေ: Tumple Run-1,2 ၊ Subway Surfers နှင့် အခြားသောဂိမ်းများကို ကွန်ပြူတာမှာ ဆော့ချင်တယ်ဆိုပါတော့။ ဒါမှမဟုတ် Business app တွေ ကျွန်တော်တို့ ကွန်ပြူတာမှာ သုံးချင်တယ်ဆိုရင် intel appup program သုံးပြီး app တွေ ကွန်ပြူတာမှာ ဒေါင်းလော့လုပ်နိုင်ပါတယ်။ အဲ့ဒီနာမည်ကျော်တဲ့ app တွေနဲ့ game တွေကို intel developers တွေက သီးသန့်ကွန်ပြူတာအတွက် ပြန်လည် ဒီဇိုင်းဆွဲပီး သုံးနိုင်အောင်ပြန်လုပ်ထားပေးပါတယ်။ သူတို့ပြန်လည် ထုပ်ထားတဲ့ app တွေကိုလည်း Appup program နဲ့ရှာပီး ပြန်လည်ဒေါင်းလော့လုပ် ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Mobile app တွေ ကို ကွန်ပြူတာမှာသုံးချင်တဲ့ မမ၊ ကိုကို များအတွက် Intel Appup ပရိုဂရမ်က အကောင်းဆုံး ဖြစ်မှာပါ။ ဒေါင်းလော့ လုပ်တဲ့ နေရာကို တော့ Homepage link နဲ့ပဲ အစားထိုးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေသတည်း။

FileSize: 37.49 MB
DownLoad: Direct Link or Homepage ?

PC Game: Subway Surfers

No comments:


Subway Surfer ဆိုတဲ့ ဂိမ်းလေးကအခုတစ်လော နာမည်ကျော်နေတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ iPhone နဲ့ Android device တွေတော်တော်များများမှာ ဒေါင်းလော့လုပ်ပြီး ဆော့ကြတာဖြစ်ပါတယ်။ ဒီ app ကိုဒေါင်းလော့လုပ်ပေါင်း 2,000,000 ကျော်ပါပြီး၊ Appstore နဲ့ Play store နဲ့ပေါင်းမယ် ဆိုရင်ပေါ့နော်.။ ဒါပေမယ့် တစ်ချို့က ကွန်ပြူတာမှာ လဲဆော့ချင်ကြတယ်၊ အထူးသဖြစ် smart phone တွေမရှိတဲ့သူတွေပေါ့နော်။ ဒါမှမဟုတ်ပဲ ရှိတဲ့ဖုန်းက နှေးနေတာတို့ ကိစ္စအမျိုးအမျိုးကြောင့် ဆော့လို့မဖြစ်ရင် ကျွန်တော်ပေးထားတဲ့ လင့်ခ်လေးကနေ ဒေါင်းပြီး ကွန်ပြူတာမှာ ဆော့နိုင် ပါတယ်။ ဒီဂိမ်းလေးက ရထားလမ်းမှာ Police လိုက်လို့လိုက်ပီး ပြေးတဲ့ဂိမ်းလေးပါ။ သူငယ်ချင်းတို့ ဆော့ပြီးရင် Point ဘယ်လောက်ရလဲဆိုတာလဲ ကွန်မန့်ပေးခဲ့ပါ။ အားလုံး အဆင်ပြေပါစေ။ [Tip]

Filesize: 21.25 MB
DL Links: Dropbox| 2shared| uppIT|

Unlimited Flash Games

No comments:

ကျွန်တော်ခုတစ်လော ဂိမ်းတွေပြန်မတင်နိုင် သေးလို့အွန်လိုင်းပေါ်မှာရှိတဲ့ Flash ဂိမ်းများတွေနဲ့ပြည့်နေတဲ့ ဝက်ဆိုက်လေး တစ်ခုပြန်ရှယ်ပေးပါရစေ။ ဂိမ်းတွေက ဒီဝက်ဆိုက်ထဲမှာတော်တော်များလို့ ဆော့ချင်တဲ့ဂိမ်းကို ရွေးထိမှာမဟုတ်ပါဘူး။ Flash Games တွေဖြစ်တဲ့အတွက်ကြောက်ဘာမှပူစရာမလိုပါဘူး၊ မြန်မာပြည်မှာတော့မသေချာဘူးဗျ၊ Flash player ရှိရင်ရမယ်ထင်တာပဲ။ အပျင်းပြေဆော့လို့ရတယ်ဆိုတော့ အောက်က လင့်ခ်မှာသွားပြီးစမ်းကြည့်လိုက်လေ...အဆင်ပြေမယ်လို့တော့ထင်တာပဲ။ ဂိမ်းအကောင်းလေး တွေတွေ့ရင်လည်း အီးမေးသို့ နာမည်တစ်ချက်လောက် ပို့ထားပေးပါ၊ တစ်ခြားလူတွေနဲ့ ပြန်ပြီးတော့ ရှယ်ပေးမလို့ပါခင်ဗျာ။


Go To:[Link]