Rooted* Andriod တွင်မြန်မာကီးဘုတ်နှင့်ဖောင့်ထည့်နည်း



ဒီပိုစ့်မှာ ကျွန်တော်သုံးတဲ့ မြန်မာဖောင့်နဲ့ မြန်မာကီးဘုတ် ထည့်သွင်းတဲ့နည်းလေး ကိုပြန်ပြီးရှယ်မှာဖြစ်ပါတယ်။ ကိုယ်တိုင်မလုပ်ခင် သိထားရမှာက Phone က Root လုပ်ထားရမှာဖြစ်ပါတယ်။ ဤနည်းလမ်းတွင် Font Installer ၊ Zawgyifont2008 ဖောင့် နှင့် Multiling Keyboard ကိုအသုံးပြုသွားမည်ဖြစ်ပါသည်။ အသင့် Phone သည် Root လုပ်ထားပါက အောက်ကနည်းလမ်း အတိုင်းသာဆက်ပြီး လိုက်လုပ်ကြည့်လိုက်ကြပါ ခင်ဗျာ။

Unicode+Keyboard

မင်္ဂလာပါခင်ဗျာ..ဒီနေ့ကတော့ ကျွန်တော် Unicode နဲ့ keyboard နှစ်ခုစလုံးကိုပေါင်းပြီးတော့ တင်ပေးလိုက်ပါတယ်...။ အစတုန်းကကျွန်တော် Zawgyi နဲ့ Zawgyi keyboard နှစ်ခုလုံးကိုတင်ခဲ့ပါတယ်။ အခုကတော့ Unicode အလှည့်ပေါ့၊ ကျွန်တော်ထည့်ပေးထားတဲ့ ဖိုင်တွေကတော့ Myanmar3 font နဲ့ Unicode လက်ကွက်ကို ပြန်ပြင်ပေးတဲ့ Keymagic ဆိုပါပဲ။ ပထမဦးဆုံး ဒေါင်းပြီးရင် ဖောင့်ကိုအင်စတောလုပ်ပါ ၊ ပြီးလျှင် KeyMagic ကို run လိုက်ပြီး၊ Alt နဲ့ 1 ကိုနှိပ် ၍စသုံးနိုင်ပါပြီ..။

Filesize: 812 KB

Zawgyi 2 in 1

Zawgyi 2 in 1 ထဲမှာပါတဲ့ဆော့ဝဲတွေကတော့ Zawgyi 2008 installer နှင့် Keyboard L တို ပဲဖြစ်ပါတယ်။Zawgyi installer ကတော့ Zawgyi ရိုးရိုးဖောင့် installer ပါ။ Keyboard L ကတော့ 7 နှင့် အခြား Vista မှာမြန်မာစာ ရိုက်လို့ ရအောင် လုပ်ပေးတဲ့ installer လေးပါ။ ကျွန်တော်ကသုံးရတဲ့သူတွေအတွက် လွယ်ကူအောင်လို့နှစ်ခုစလုံးပေါင်းပြီး zip ဖိုင်ထဲမှာ ထည့်ပေးလိုက်တာပါ။ လိုနေတဲ့သူများ အောက်မှာဒေါင်းလော့လုပ်လိုက်ကြပါခင်ဗျ။ လာရောက်ဖတ်ရှု့ပေးတဲ့ အစ်ကို/အစ်မတွေ အားလုံးကိုကျေးဇူးတင်ရှိပါကြောင်းခင်ဗျာ :)

FileSize:1.72 MB