Deep Freeze 7.15
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyc-Ivg1IWYS2fo5Pcz1ZV9hnJc1e5f90ZDYiUCb0gZHicesikUH_K6UOWDkDu65Pox8t9Aa12KnpY8HF8ZxZYFTyGOo_G_epa_3fCH0c-LMAZYmY43J_mbIKVvL0erRkwBjD7524Sr8wJ/s1600/freezdeep.jpg
Deep Freeze ဆော့ဝဲက ကွန်ပြူတာတစ်လုံးထဲမှာ ရှိတဲ့ Programs တွေနဲ့ ဖိုင်များကို Lock အနေဖြင့်ပေးထားပြီး ကွန်ပြူတာကို ရပ်ပေးထားတဲ့ ဆော့ဝဲလေးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ Program ထည့်ပြီး ကွန်ပြူတာကို စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်၊ ပိုးတွေ ၀င်မှာလဲကြောက် စရာမလိုပါဘူး။ အထူးသဖြင့် user အသုံးများသော ကွန်ပြူတာတွေ အတွက်ပဲဖြစ်ပါတယ်။ တစ်ချို့ကလည်း သိပြီးဖြစ်သလို တစ်ချို့ကလည်း မသိသေးတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးချင်တဲ့သူများ နှင့် အသုံးလိုသော သူများတွေ အတွက်တင်ပေး လိုက်ရချင်း ဖြစ်ပါသည်။ သူ့အတွက် ကီးကတော့ Notepad မှာရေးထားတဲ့ Key လေးကိုအသုံးပြုလိုက်ပါ၊ ဘာလို့လဲဆိုတော့ ဆော့ဝဲမှာသွင်းပေးထားတဲ့ Key က Date အောင့်သွားလို့ပါ။ ဒါဆိုအားလုံး အဆင်ပြေကြပါစေသတည်း။
FileSize: 11.9 MB
Download: DirectLink| 2Shared| Cloud|
Proxy Switcher
Proxy ခွရကျော်ရလွယ် အောင်လို့ ဒီဆော့ဝဲလေးတင်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ IT မမ နှင့် ကိုကို များအသုံးပြု တတ်မယ် ထင်ပါ၏။ ဒေါင်းလော့လင်ခ့်တော့ တစ်ခုပဲပေးထားပါတယ်။ အဆင်မပြေရင် မန့်ခဲ့လေတော့။
Download : 2shared
Software: Proxy finder/multiply
ကျွန်တော် proxy လိုတဲ့သူအချို့ကို proxy တွေရှာပြီးတော့ တင်ပေးပါတယ်။ ရှာပြီးတော့လည်း ဒေါင်းလော့ လွယ်တဲ့ ဆိုက်မှာပြန်တင် ပေးပါတယ်။ KGProxy ဆိုက်မှာ ရှာပြီး တင်ပေးထားတဲ့ Proxy အားလုံးကို ဒီဆော့ဝဲ လေးနဲ့ပဲ ရှာပြီး တော့တင်ပေးပါတယ်။ တစ်ချို့ကလည်း နေ့တိုင်းထွက် တဲ့ proxy ကိုလိုခြင်ပါတယ်။ အဲ့ဒါကြောင့် တစ်ချို့အတွက် ကိုယ်တိုင်ရှာလို့ ရအောင်လို့ ဒီဆော့ဝဲလေး ပြန်တင်ပေးလိုက်တာပါ။ Group နဲ့ proxy ရှယ်သုံးမယ်ဆိုရင်တော့ ကွန်ပြူတာ တစ်လုံး ထဲမှာ ဒီဆော့ဝဲကို ထည့်ထားပီး proxy တွေတဲ့အခါ ကော်ပီလုပ်ပြီး တစ်ခြားကွန်ပြူတာ မှာပြန်သုံးရင် အကောင်းဆုံးပါ။
Portable ဖြစ်တဲ့အတွက်ကြောင့် Crack တွေ Keygen တွေမလိုပါဘူး။ ဖွင့်လိုက်တာနဲ့ ပွင့်လာမှာပါ။ Setting ကိုကလိနိုင်ရင်တော့ ကိုယ်လိုချင်တဲ့ port တွေရနိုင်ပါတယ်။ အမတန် အသုံးဝင်မဲ့ ဆော့ဝဲထင်လို့ လင့်ခ်ပေါင်းစုံနဲ့ ပြန်တင်ပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျာ။
 FileSize: 203KB
Computer System info Checker
မင်္ဂလာပါခင်ဗျာ။ ကွန်ပြူတာတစ်လုံးမှာ ရှိတဲ့ Mother-Board မော်ဒယ်နံပါတ်နဲ့ အခြားသော Computer Components တွေအကြောင်းကိုသိခင်ကြပါသလား? ကျွန်တော်တို့ ပြောရမယ်ဆိုရင် ကွန်ပြူတာထဲမှာရှိတဲ့ ပစ္စည်းတစ်ခုတစ်ခု အာစား ပြန်ထိုးမယ်ဆိုရင် မော်ဒယ်နံပါနဲ့ အခြားအသုံးဝင်သော Hardware Information, Mother-Board Type, Software Information, Computer Chips Information နှင့် Network Information တွေကိုမှတ်ထားလို့ရအောင် ဖော်ပြပေးတဲ့ ဆော့ဝဲလေးပဲ ဖြစ်ပါတယ်။ နောင်အချိန် တစ်ခါခါ ကွန်ပြူတာထဲမှာ Memory Card သို့မဟုတ် တစ်ခြား ပစ္စည်းထည့်ဖို့က Mother-Board အကြောင်းသိဖို့လိုပါတယ်။ ဒါ့ကြောင့် ဒီဆော့ဝဲလေးသုံးပြီး Hardware Information ကိုရှာကြည့်ကြစို့။
FileSize: 1.83 MB
Download: Dropbox
Quick Virus Remover
ကွန်ပြူတာထဲမှာ Virus တွေဝင်ပီးတော့ သုံးမရအောင် နှေးနေရင်တော့ ဒီ Virus Remover ၂ မျိုးနဲ့စမ်းကြည့်ပါ။ တစ်ချို ့ကွန်ပြူတာမှာက Virus တွေဝင်နေရင် ဘာမှအင်စတော လုပ်လို့မရပါ၊ ဒါ့ကြောင့်ကွန်တော်တို့ Antivirus Program တွေအင်စတော လုပ်လို့မရတဲ့ အခါမျိုးမှာဒီ Tool တွေနဲ့ပဲ အသုံးပြုပြီး ရှင်းကြည့်လိုက်ကြ ရအောင်ဗျာ။ ပိုးဝင်တဲ့ ကွန်ပြူတာတိုင်းမှာ လွယ်ကူအောင် သုံးရအောင်လို့ ဒေါင်းလော့လုပ်ပြီး Thumb Drive (USB) ထဲမှာထည့် ထားပေးလိုက်ပါ။ ဒါဆို အားလုံး အဆင်ပြေကြမယ်လို့ ထင်ပါတယ်။
FileSize: 1.16 MB
Download: Direct Link
Log on Screen Changer 2.56
No comments:
Log on Screen မှာ နောက်ခံပုံပြောင်းတဲ့ဆော့ဝဲလေးပါ။ သူ့  Setup ကို install ပြီးရင် Destop Right Click ကနေ ပြီးတော့ Logon Screen ကိုပြောင်းလို့ရပါတယ်။ information တွေမလိုတဲ့အတွက် မရေးပေးလိုက်ပါဘူး၊ ဒါရိုက်ဒေါင်းပေတော့။
File Size : 2.11 MB
Hot mp3 Downloader (Portable)
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြသော သူငယ်ချင်းအပေါင်းတို့ခင်ဗျာ...Music ဆိုတာဟာ Life တစ်ခုမှာအရေးကြီး ဆုံးသော အရာပါ။ ဒါကြောင့်လူတိုင်းဟာ သီချင်းနဲ့မကင်းပါ၊ အဲလိုသီချင်းတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းအပေါင်း တို့ကို ဒီအသုံးဝင်တဲ့ ဆော့ဝဲလေးကိုတင် ပေးလိုက်ပါတယ်။ ဘာဆော့ဝဲလေးလဲဆိုတော့ သီချင်းတွေကို ရှာတယ်၊ ကိုယ်ကြိုက်တာ တော့တွေ့ပြီးဆိုရင် နားထောင်ကြည့်တယ် အဆင်ပြေရင်ဒေါင်းတယ်။ Lime Wire လိုမျိုးပါ။ ဒီဆော့ဝဲလေးက Portable ဖြစ်တဲ့အတွက် install လုပ်စရာမလိုတဲ့ အပြင် 1 click နဲ့ဖွင့်နိုင်ပါသည်။ Good Luck!
File name & Size: HMD v3.3 Portable [8 MB]
Download:  | 2shared | 
Custom Packs
No comments:
Custom Packs ဆိုတဲ့ Zip ဖိုင်လေးကတော့ ကျွန်တော် ကိုယ်တိုင် Windows စစတင်ပြီးခါစ အသုံးလိုတဲ့ ဆော့ဝဲတွေကို စုပြီး folder တစ်ခုထဲမှာ ထည့်ထားပေး ထားတာဖြစ်ပါတယ်။ ပြီးတော့ ပါဝင်တဲ့ ဆော့ဝဲတွေကတော့ အောက်က Features မှာ ဆက်ပြီးကြည့် ပေးပါ။ Reason for this : ဒီလိုစုပြီးတင်ပေး လိုက်တဲ့ အကြောင်းအရာကတော့ ၀င်ဒိုး အတင် များတဲ့ သူတွေ အတွက်ပါ၊ ဒီဖိုင်လေးကို ဒေါင်းပြီး Thumb Drive ထဲမှာ Custom pack ဆိုတဲ့ Folder လေးကို ကူးထားပေး လိုက်ပါ။ အဲဒါဆိုရင် ၀င်းဒိုးတင်ပြီးတာနဲ့ အင်တာနက်ချိတ်ပြီး ဆော့ဝဲတွေသပ်သပ် ထပ်ပြီးဒေါင်းစရာ မလိုတော့ပါဘူး။
Uninstaller : IObit Uniinstaller V2.4
No comments:
အီးမေးမှာလာတောင်းထားတာကြာပါပြီး... Toolbar တွေကိုရှင်းတဲ့ဆော့ဝဲရှိပါသလားတဲ့ ရှိရင် key နှင့်တစ်ကွ တင်ပေးပါဆို၏။ ကယ် အဲ့ဒီထက်ကောင်း တဲ့ဆော့ဝဲတွေ့လို့ ပြန်ရှယ်ပေးလိုက်တယ်၊ ဒီဆော့ဝဲထဲမှာလုပ်လို့ရတဲ့ options တွေကတော့ Windows updates uninstaller|Programs uninstaller|toolbars uninstaller|Large programs uninstaller| စသည်အားဖြင့်ပေါ့ဗျာ။ အဲဒါကြောင့်တောင်းတဲ့သူကော အခြား စာဖတ်သူများကော လိုရင်သုံးလို့ရအောင် All in 1 လိုမျိုးတင်ပေးလိုက်တာပါ မူလ၀က်ဆိုက်မှာသွားဒေါင်း လိုက်ပါ၊ အားလုံးအဆင်ပြေ မယ်လို့ထင်ပါတယ်။ ကီးတွေဘာတွေ စိတ်ပူစရာမလိုပါဘူး..(Portable) ပါပဲခင်ဗျာ။ ပေးထားတဲ့ ဆော့ဝဲကို ဒေါင်းပြီးတော့ ဖွင့်လိုက်တာနဲ့ ပွင့်လာမှာပါ၊ အင်စတောလုပ်စရာမလိုပါဘူး၊ တစ်နည်းအားဖြင့် (Portable) ပေါ်တေးဘဲလ် လို့လည်းခေါ်ပါတယ်။ ဒါဆိုတော့ တောင်းတဲ့ သူလည်းအဆင်ပြေစေဗျာ..
Locker : User Time Control Center
No comments:
ကျွန်တော် ဆော့ဝဲကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆော့ဝဲက ကျတော့ ကွန်ပြူတာ တစ်လုံးထဲကို အယောက် တစ်ဆယ် နှစ်ဆယ် သို့မဟုတ် ဆိုင်မှာထား သောကွန်ပြူ တာတွေ အတွက် ဖြစ်ပါတယ်၊ အသုံးလဲဝင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီဆော့ဝဲလေးက Timer လေးလိုပါပဲ ၊ ကွန်ပြူတာ သုံးချိန်ကို သပ်မှတ်ပေးတဲ့ ဆော့ဝဲ လေးပါခင်ဗျာ။ ဥပမာ- ၁၅ မိနစ်နဲ့လူတစ်ယောက် ကိုပေးသုံးမယ်ဆိုရင် ၁၅ မိနစ် မှတ်ထားပေးလိုက် ၊၁၅ မိနစ်ကျော် ရင် သူ့ ဘာသာသူ Lock Off လုပ်ပေးပါလိမ့်မယ်။ ဒါကြောင့် လူသုံးများတဲ့ ကွန်ပြူတာတွေ အတွက် အသုံး ၀င်တာပါခင်ဗျာ။ ကျွန်တော်တော့ မ စမ်းရသေးပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ကွန်ပြူတာက ကျွန် တော့တစ်ယောက်ကလွှဲလို့ ဘယ်သူမှ မကိုင်လို့ ပါ။ အသုံး လိုတဲ့ သူတွေပဲဒေါင်းသွားပါ။
FileSize: 4.19 MB
Download: 2shared | UppIT | Filecloud
Software: Windows Orb Changer
No comments:
Windows Start Menu icon လေးကိုတစ်နည်းအားဖြင့် Orb လို့လည်းခေါ်ပါတယ်။ Orb ခေါ်ချင်းအကြောင်း အရာ က တော့ သူ့ ရဲ့ပုံသဏ္ဌန်က စက်ဝိုင်းပုံဖြစ်လို့ပါပဲ။ ကဲအဲ့ဒီ Start Menu icon လေးကို ပြောင်းချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလေးကို ဒေါင်းပြီး အသုံးပြုနိုင်ပါကြောင်း။
FileSize:
Software: Mixcraft 6 Full Version
အခု mac တို့ imac တို့မှာသုံးတဲ့ ဂီတာ ဆော့ဝဲကို pc မှာသုံးခြင် ကြသလား? ကျွန်တော် အပါအဝင် အားလုံးလည်း သုံးခြင်နေကြပါမှာ။ Mac မှာ ပါတဲ့ garageband ကိုများသော အဆိုတော် နှင့် သီချင်းဝါသနာရှင်များ က တော်တော်အသုံးပြုပါတယ်။ Garageband က 2000 ဒေါ်လာ mac မှာပဲ အလုပ် လုပ်နိုင်တယ် ဆိုတော့ ကျွန်တော်တို့ အားလုံး အသုံးပြုဖို့က တော်တော် ခဲယင်းတယ်။ ဒါကြောင့် Garageband Design ကို copy ပြန်လုပ်ထားတဲ့ ဆော့ဝဲတစ် ခုနဲ့ မိတ်ဆက် ပေးခြင်ပါတယ်။ ဆော့ဝဲ နာမည်ကတော့ mixing craft လို့အမည်ရပါတယ်။ Track များကို mix လုပ်ပြီး သီချင်းထွင် ခြင်းလို့လည်း ခေါ်ပါတယ်။ Vocal ကိုလည်း အမျိုးမျိုး အသံပြောင်းလို့ရပါတယ်။ Garageband နဲ့ Design တူတူပဲဆိုတော့ ကျွန်တော်တို့ pc ကနေကလိလို့ရတာပေါ့။ ဒီဆော့ဝဲလေးက အဆိုတော် ၀ါသနာရှင် များအတွက် Editing ဆော့ဝဲကောင်း တစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ထို့အတွက်ကြောင့် Beat လန်းလန်းလေးနဲ့ တစ်ဗုဒ်လောက် ကစ်ကြည့်လိုက်ကြပေတော့! Good Luck with the Key
FileSize: 135 MB
Video Converter : Wondershare V 6.0
No comments:
မင်္ဂလာပါခင်ဗျာ...နောက်ထပ် Video Converter တစ်ခုကို တင်ပေးလိုက်တဲ့ အကြောင်းအရင်း ကတော့... အသစ်တွေ့ လို့ပဲ ဆိုပါတော့..။ ဒီ converter က အခြား converter တွေထပ် ထူးကြားပါတယ်။ ဘယ်လို ထူးကြား လည်းဆိုတော့သူ့  မှာ File Format ပေါင်းစုံပါတယ်၊ Realplayer လို Video Download Notification လည်းပါတယ်..အမိုက်ဆုံး program ထဲမှာ browser တောင်ပါတယ်ဗျို့ ။ အဲ့ဒါကြောင့် website တွေပေါ်မှာရှိတဲ့ media ပေါင်းစုံကို လွယ်ကူစွာနဲ့ Converter program ကပဲ ဒေါင်းလော့လုပ်လို့ ရပါတယ်။ Version နောက်ဆုံးဖြစ်တဲ့ အတွက် Update ပြန်လုပ်ပေးစရာ မလိုပါဘူး.. အကယ်၍ update တောင်းလာပါက လုံးဝ မလုပ်ပေးပါနဲ့ ... Crack ထားတဲ့ဖိုင်က ပျက်သွားမှာ စိုးလို့ပါ။ Crack ပြီးရင် Register လည်းမလုပ်ပေးပါနဲ့။ Crack လုပ်နည်းက Crack ဖိုဒါထဲက .exe နဲ့ .dll ဖိုင်တွေကို သူ့  Program အင်စတော လုပ်ထားတဲ့ နေရာမှာ သွားပြီးတော့ Copy/Replace လုပ်ပေးလိုက်ရင် အားလုံးအို ကေသွားမှာပါ။ ဒေါင်းလော့ လင့်ခ်တွေကိုလည်း မကြာမီ ပြန်ဖြည့်သွားပေး မှာပါ။ အားလုံး အဆင်ပြေပါစေ။
FileSize: 34 MB
Download: Filecloud |  UppIT
Game Downloader & Finder : Intel Appup
Intel company ကထုပ်ထားတဲ့ AppUp ဆိုတဲ့ဆော့ဝဲလေး တစ်ခုနဲ့ မိတ်ဆပ်ပေးပါရစေ။ Mobile မှာနာမည်ကျော်နေတဲ့ ဂိမ်းတွေ: Tumple Run-1,2 ၊ Subway Surfers နှင့် အခြားသောဂိမ်းများကို ကွန်ပြူတာမှာ ဆော့ချင်တယ်ဆိုပါတော့။ ဒါမှမဟုတ် Business app တွေ ကျွန်တော်တို့ ကွန်ပြူတာမှာ သုံးချင်တယ်ဆိုရင် intel appup program သုံးပြီး app တွေ ကွန်ပြူတာမှာ ဒေါင်းလော့လုပ်နိုင်ပါတယ်။ အဲ့ဒီနာမည်ကျော်တဲ့ app တွေနဲ့ game တွေကို intel developers တွေက သီးသန့်ကွန်ပြူတာအတွက် ပြန်လည် ဒီဇိုင်းဆွဲပီး သုံးနိုင်အောင်ပြန်လုပ်ထားပေးပါတယ်။ သူတို့ပြန်လည် ထုပ်ထားတဲ့ app တွေကိုလည်း Appup program နဲ့ရှာပီး ပြန်လည်ဒေါင်းလော့လုပ် ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Mobile app တွေ ကို ကွန်ပြူတာမှာသုံးချင်တဲ့ မမ၊ ကိုကို များအတွက် Intel Appup ပရိုဂရမ်က အကောင်းဆုံး ဖြစ်မှာပါ။ ဒေါင်းလော့ လုပ်တဲ့ နေရာကို တော့ Homepage link နဲ့ပဲ အစားထိုးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေသတည်း။
FileSize: 37.49 MB
DownLoad: Direct Link or Homepage ?
Photobooth for windows
No comments:
Photobooth ကဘာလဲဆိုတာ mac သုံးတဲ့သူတိုင်းသိကြမှာပါ။ Windows User တွေလဲ တစ်ချို့သိကြမှာပါ။ Photobooth က webcam ရဲ့ Style နဲ့ effect အမျိုးမျိုးကို လိုက်ပြီးကလိသော mac မှာပါတဲ့ application လေးပဲ ဖြစ်ပါတယ်။ တစ်ချို့ကလည်း တောင့်တတယ်.. "ငါ့ window မှာလည်း အဲ့လိုလုပ်ရရင် တော်တော် ကောင်းမှာပဲ" လို့။ ဟုတ်ကဲ့ Vhanla ရေးထားတဲ့ Photobooth for window Program ဆိုတာလေးကို စမ်းကြည့်လိုက်ကြပါ။ mac မှာပါတဲ့ ပုံစံအတိုင်းသူရေးထားတာ ဖြစ် ပါတယ်၊ ဒါပေမယ့် ဗီဒီယိုရိုက်လို့တော့ မရပါဘူး။ ဓါတ်ပုံအတွက်ပဲ အဆင်ပြေတာ ဖြစ်ပါတယ်၊ သူငယ်ချင်းတို့ ဒေါင်းလုပ်ပြီး ဖွင့်တဲ့ အခါ Video record ခလုတ်လေး အဖြူရောင် (disable) ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလိချင်ရင်တော့ ဒေါင်းလိုက်ပေတော့။ Direct လင့်နဲ့ပဲဒေါင်းသွားလိုက်တော့.. Just to save your time ;) အားလုံး အဆင်ပြေပါစေသတည်း။
Filesize: 5.09MB
Download : DirectLink or Mirror
Software: BlueStacks_Mobile Apps Player
အခုဆိုရင် mobile တွေက အရမ်းခေတ်စားနေပါတယ်။ အဲ့ဒါကြောင့်လည်း ထုပ်လုပ်တဲ့သူတွေ အပြိုင်အဆိုင် ကြိုးစား ပြီးတော့ အမျိုးမျိုး ကောင်းအောင် သူတို့ Device တွေကို Upgrade လုပ်ပြီးရောင်းကြပါတယ်။ For example, they are trying to improve camera sensitivity in next generation smart phones. အဲလိုပဲ ကျွန်တော်တို့လို ဂိမ်း Player တွေ လည်း နည်းလမ်းတွေ အမျိုးမျိုးနဲ့ ဂိမ်းတွေဆော့လျက်ရှိပါတယ်။ လိုရင်းနဲ့တိုရှင်း ပြောရမယ်ဆိုရင် ကွန်ပြူတာမှာ mobile game app တွေအင်စတောလုပ်ပြီး သုံးကြဖို့နည်းအမျိုးမျိုးရှာ ကြမှာဖြစ်ပါတယ်။ အဲ့ဒီလို mobile applications တွေကို ကွန်ပြူတာမှာ သုံးနိုင်ဖို့အတွက် Bluestacks ဆိုတဲ့ ဆော့ဝဲလေးကို ကွန်ပြူတာထဲမှာ သွင်းပြီးသုံးရမှာ ဖြစ်ပါ တယ်။
Downloader: internet Download Mananger 6.15
1 comment:
internet download mananger နောက်ဆုံးပေါ် 6.15 ကို Crack နဲ့တစ်ကွပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ။ လင့်ခ်သုံး လေးခုနဲ့လည်း ပြန်တင်ပေးလိုက်ပါတယ်။ Crack သုံးပုံသုံးနည်းလည်း file ထဲက instrustion.txt မှာအပြီးရေးထားတဲ့ အတွက် အားလုံး crack နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။
FileSize: 5.8 MB
Download: Filecloud| Mediafire| 
Software: Unible DriverScanner 2013
2 comments:
ကွန်ပြူ တာတစ်လုံး ကို မူလ အတိုင်းသုံးဖို့က ကွန်ပြူတာ ထဲမှာရှိတဲ့ Driver တွေကို ကွန်ပြူတာက သိမှ အားလုံး အဆင်ပြေမှာပါ။ အင်္ဂလိပ်လို ပြန်ပြောရ မယ်ဆိုရင်တော့... If you want your computer to function correctly, computer need to know the drives that you have installed inside. အင်္ဂလိပ် လိုပြောတော့ ပိုသေချာတာ ပေါ့။ ဒါကြောင့် ကွန်ပြူတာ ထဲမှာ ထည့်ထားတဲ့ Drive တွေကိုသိဖို့ က Driver တွေလိုပါတယ်။ Driver software တွေက တစ်ခုချင်းစီ လိုက်ရှာနေရင် ကမ္ဘာပျက်ရင် ပျက်သွား လိမ့်မယ်... Driver တွေရှာလို့ ကုန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကြားဖျက် အနေနဲ့ ဆော့ဝဲလေး သုံးပြီး မြန်မြန်လေး ရှာပြီး အင်စတော လုပ်ကြည့်ကြရအောင်ဗျာ..။ ခုတင်ပေးထားတဲ့ driver scanner software က Uniblue company ကထုပ်လုပ်ထားတဲ့ ဆော့ဝဲ လေးပါ။ Uniblue ကလည်း system နဲ့ပတ်သပ် တဲ့ဆော့ဝဲတွ တော်တော်များများ ထုပ်ထားပါတယ်။ ဆော့ဝဲအသုံးပြု သူများအတွက် Driver တွေကို လွယ်လွယ် ကူကူ ရှာနိုင်အောင် လို့ ဒီဆော့ဝဲ လေးကို ကီးနှင့်တစ်ကွ ပြန်ရှယ်လိုက်ပါတယ်။ 2013 အတွက် ထုတ်လုပ် ထားတဲ့ အတွက် အားလုံးလည်း ကြိုက်မယ် လို့မြင်ပါတယ်။ အဆင်ပြေရင် တော့ဒေါင်း လိုက်ကြပေတော့။ *(Re-uploaded with new Key)* 
FileSize:4.94MB
Download: Mediafire/Filecloud
Canon Raw image/ .Cr2 Converter
No comments:
မင်္ဂလာပါခင်ဗျာ..ဒီတစ်ခေါက်က photographer တွေအတွက် software ၀ဲလေးတစ်မျိုး တင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲ လေးက cannon camera နဲ့ဆိုင်ပါတယ်။ ကျွန်တော်တို့ စစ၀ယ်ချင်း ကလိမိပီးဆိုရင် file type ကပြောင်းသွားရော.. file type က Raw အနေနဲ့ဖြစ်သွားတော့ ကွန်ပြူတာမှာ ဘယ်လိုမှကြည့်လို့မရဘူး.. ကြည့်လို့ရတဲ့ viewer တွေရှိရင်လည်း ဘယ်အင်တာနက်မှာပဲ တင်တင် အလုပ်လုပ်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ file type က .Cr2 ဖိုင်ဖြစ်နေလို့ပါပဲ။ ဒီပြသနာက ကင်မရာထဲမှာ ကလိလို့ဖြစ်တာပါ။ အဲ့ဒါကြောင့် raw format ကို ရိုးရိုး jpeg နဲ့ပြန်ပြောင်းဖို့ ဒီဆော့ဝဲလေးနဲ့ အဆင်ပြေသွားမှာပါ။ Raw ဖိုင်ကို တော့ photoshop နဲ့ဖွင့်လို့ရတယ် ဒါပေမယ့် ပုံတွေတော် တော်များရင်တော့ တစ်ခု ချင်းစီလိုက် save လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီ converter လေးနဲ့ပဲ jpeg ဖိုင်ကိုလွယ်ကူစွာ ပြောင်းကြရအောင်။
FileSize: 927.03 kb
Software: Earth Alerts - Weather
3 comments:
Filesize: 2.47 MB