Activator: Windows 7 2in1 Loaders
No comments:
Windows 7 အတွက် Key Activator လေးပါခင်ဗျာ။ Winrar ဖိုင်တစ်ခုထဲမှာ Version နှစ်မျိုးပေါင်းပြီးတော့ တင်ပေး လိုက်ပါတယ်။ info ကိုတော့ ဒီပိုစ့် မှာအပြည့်အစုံရေး ထားပေးတဲ့အတွက် ထက်ပြီးမရှင်းပြတော့ ပါဘူး။ ဒေါင်းပြီး လွယ်လွယ်ကူကူ အသုံးပြုရအောင် thumb-drive (သို့မဟုတ်) flash-drive ထဲမှာ ပစ်ထည့်ထားလိုက်ပေတော့။
အဆင်ပြေကြပါစေခင်ဗျာ။
Download Size: 2.69
Download : Directlink
Malwarebytes Key Works in all version
အွန်လိုင်းမှ ဗိုင်းရတ်စ် များနှင့် ကွန်ပြူတာပိုးများကိုကာ ကွယ်ပေးတဲ့ Anti-Virus ပရိုဂရမ်ပါ။ သူငယ်ချင်းတို့ သိတော့သိပါ လိမ့်မယ်၊ သုံးတော့သုံးဖူးကြမှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေတော့ ဒီဆော့ဝဲနဲ့ Security Essentials ပေါင်းပြီးသုံးပါတယ်။ ကျွန်တော့် ကွန်ပြူတာမှာ ပိုးဝင်ဖို့ဆိုတာ ခဲရင်းပါတယ်၊ ဘာလို့လဲဆိုတော့ Adware တွေ Toolbar တွေကိုလုံးဝမသုံး တာကြောင့် ပဲဖြစ်ပါတယ်။ ပြီးတော့ မသုံးတဲ့ Program တွေကိုလည်း တစ်လတစ်ခါ စစ်ပြီးဖျက်ပြစ်ပါတယ်။ ဒါပေမယ့်ဒီပိုစ့်ကို ဖတ်နေတဲ့အချိန်မှာ နောက်ကျနေပြီးဆိုလဲ ကိစ္စမရှိပါဘူး၊ အသင့်ကွန်ပြူတာထဲမှာရှိနေတဲ့ ပိုးတွေကိုလည်း Scan လုပ်ပြီးဖျတ်ပေး ပါတယ်။ ဆော့ဝဲကိုတော့ မူပိုင်လင့်ခ်ကနေ ဒေါင်းလော့လုပ်ပြီး ကီးဖိုင်ကိုတော့ ကျွန်တော်ပေးထားတဲ့ လင့်ခ်ကနေဒေါင်းပါ။ Activate မလုပ်ခင် အင်တာနက်ကို ခဏပိတ်ပေးထားပါ။ အားလုံးအဆင်ပြေ ကြပါစေ။
Deep Freeze 7.15
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyc-Ivg1IWYS2fo5Pcz1ZV9hnJc1e5f90ZDYiUCb0gZHicesikUH_K6UOWDkDu65Pox8t9Aa12KnpY8HF8ZxZYFTyGOo_G_epa_3fCH0c-LMAZYmY43J_mbIKVvL0erRkwBjD7524Sr8wJ/s1600/freezdeep.jpg
Deep Freeze ဆော့ဝဲက ကွန်ပြူတာတစ်လုံးထဲမှာ ရှိတဲ့ Programs တွေနဲ့ ဖိုင်များကို Lock အနေဖြင့်ပေးထားပြီး ကွန်ပြူတာကို ရပ်ပေးထားတဲ့ ဆော့ဝဲလေးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ Program ထည့်ပြီး ကွန်ပြူတာကို စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်၊ ပိုးတွေ ၀င်မှာလဲကြောက် စရာမလိုပါဘူး။ အထူးသဖြင့် user အသုံးများသော ကွန်ပြူတာတွေ အတွက်ပဲဖြစ်ပါတယ်။ တစ်ချို့ကလည်း သိပြီးဖြစ်သလို တစ်ချို့ကလည်း မသိသေးတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးချင်တဲ့သူများ နှင့် အသုံးလိုသော သူများတွေ အတွက်တင်ပေး လိုက်ရချင်း ဖြစ်ပါသည်။ သူ့အတွက် ကီးကတော့ Notepad မှာရေးထားတဲ့ Key လေးကိုအသုံးပြုလိုက်ပါ၊ ဘာလို့လဲဆိုတော့ ဆော့ဝဲမှာသွင်းပေးထားတဲ့ Key က Date အောင့်သွားလို့ပါ။ ဒါဆိုအားလုံး အဆင်ပြေကြပါစေသတည်း။
FileSize: 11.9 MB
Download: DirectLink| 2Shared| Cloud|
Use your (Android) as Mouse or Keyboard
ဒီတစ်ခေါက် Desktop/Laptop ကွန်ပြူတာတွေကို ဖုန်းနဲ့ Mouse အနေနဲ့သုံးကြည့်ကြရအောင်ခင်ဗျာ။ သိထားရမှာက ဖုန်းနှင့် ကွန်ပြူတာသည် Network တစ်ခုတည်းသုံး ထားဖို့ပဲဖြစ်ပါတယ်။ သုံးပုံသုံးနည်းကတော့ ကျွန်တော်တို့ ဖုန်းထဲမှာ App တစ်ခုဒေါင်း လော့လုပ်မယ် ပြီးရင် ကျွန်ပြူတာထဲမှာ Software တစ်ခု Run ထားရမှာပါ။ ကွန်ပြူတာထဲမှာ ဖွင့်မဲ့ဖိုင်က Java ဖိုင်ဖြစ်တဲ့အတွက် ကွန်ပြူတာထဲမှာ Java Software အင်စတောလုပ်ဖို့ လိုပါလိမ့်မယ်။ အင်စတောမလုပ် ထားရသေးဘူး ဆိုရင်တော့ ဒီလင့်မှာ သွားပြီးဒေါင်းလိုက်ပါ။ Ready ဆိုရင်စလိုက်ရအောင်ဗျို့။
Computer System info Checker
မင်္ဂလာပါခင်ဗျာ။ ကွန်ပြူတာတစ်လုံးမှာ ရှိတဲ့ Mother-Board မော်ဒယ်နံပါတ်နဲ့ အခြားသော Computer Components တွေအကြောင်းကိုသိခင်ကြပါသလား? ကျွန်တော်တို့ ပြောရမယ်ဆိုရင် ကွန်ပြူတာထဲမှာရှိတဲ့ ပစ္စည်းတစ်ခုတစ်ခု အာစား ပြန်ထိုးမယ်ဆိုရင် မော်ဒယ်နံပါနဲ့ အခြားအသုံးဝင်သော Hardware Information, Mother-Board Type, Software Information, Computer Chips Information နှင့် Network Information တွေကိုမှတ်ထားလို့ရအောင် ဖော်ပြပေးတဲ့ ဆော့ဝဲလေးပဲ ဖြစ်ပါတယ်။ နောင်အချိန် တစ်ခါခါ ကွန်ပြူတာထဲမှာ Memory Card သို့မဟုတ် တစ်ခြား ပစ္စည်းထည့်ဖို့က Mother-Board အကြောင်းသိဖို့လိုပါတယ်။ ဒါ့ကြောင့် ဒီဆော့ဝဲလေးသုံးပြီး Hardware Information ကိုရှာကြည့်ကြစို့။
FileSize: 1.83 MB
Download: Dropbox
Quick Virus Remover
ကွန်ပြူတာထဲမှာ Virus တွေဝင်ပီးတော့ သုံးမရအောင် နှေးနေရင်တော့ ဒီ Virus Remover ၂ မျိုးနဲ့စမ်းကြည့်ပါ။ တစ်ချို ့ကွန်ပြူတာမှာက Virus တွေဝင်နေရင် ဘာမှအင်စတော လုပ်လို့မရပါ၊ ဒါ့ကြောင့်ကွန်တော်တို့ Antivirus Program တွေအင်စတော လုပ်လို့မရတဲ့ အခါမျိုးမှာဒီ Tool တွေနဲ့ပဲ အသုံးပြုပြီး ရှင်းကြည့်လိုက်ကြ ရအောင်ဗျာ။ ပိုးဝင်တဲ့ ကွန်ပြူတာတိုင်းမှာ လွယ်ကူအောင် သုံးရအောင်လို့ ဒေါင်းလော့လုပ်ပြီး Thumb Drive (USB) ထဲမှာထည့် ထားပေးလိုက်ပါ။ ဒါဆို အားလုံး အဆင်ပြေကြမယ်လို့ ထင်ပါတယ်။
FileSize: 1.16 MB
Download: Direct Link
Log on Screen Changer 2.56
No comments:
Log on Screen မှာ နောက်ခံပုံပြောင်းတဲ့ဆော့ဝဲလေးပါ။ သူ့  Setup ကို install ပြီးရင် Destop Right Click ကနေ ပြီးတော့ Logon Screen ကိုပြောင်းလို့ရပါတယ်။ information တွေမလိုတဲ့အတွက် မရေးပေးလိုက်ပါဘူး၊ ဒါရိုက်ဒေါင်းပေတော့။
File Size : 2.11 MB
Custom Packs
No comments:
Custom Packs ဆိုတဲ့ Zip ဖိုင်လေးကတော့ ကျွန်တော် ကိုယ်တိုင် Windows စစတင်ပြီးခါစ အသုံးလိုတဲ့ ဆော့ဝဲတွေကို စုပြီး folder တစ်ခုထဲမှာ ထည့်ထားပေး ထားတာဖြစ်ပါတယ်။ ပြီးတော့ ပါဝင်တဲ့ ဆော့ဝဲတွေကတော့ အောက်က Features မှာ ဆက်ပြီးကြည့် ပေးပါ။ Reason for this : ဒီလိုစုပြီးတင်ပေး လိုက်တဲ့ အကြောင်းအရာကတော့ ၀င်ဒိုး အတင် များတဲ့ သူတွေ အတွက်ပါ၊ ဒီဖိုင်လေးကို ဒေါင်းပြီး Thumb Drive ထဲမှာ Custom pack ဆိုတဲ့ Folder လေးကို ကူးထားပေး လိုက်ပါ။ အဲဒါဆိုရင် ၀င်းဒိုးတင်ပြီးတာနဲ့ အင်တာနက်ချိတ်ပြီး ဆော့ဝဲတွေသပ်သပ် ထပ်ပြီးဒေါင်းစရာ မလိုတော့ပါဘူး။
Uninstaller : IObit Uniinstaller V2.4
No comments:
အီးမေးမှာလာတောင်းထားတာကြာပါပြီး... Toolbar တွေကိုရှင်းတဲ့ဆော့ဝဲရှိပါသလားတဲ့ ရှိရင် key နှင့်တစ်ကွ တင်ပေးပါဆို၏။ ကယ် အဲ့ဒီထက်ကောင်း တဲ့ဆော့ဝဲတွေ့လို့ ပြန်ရှယ်ပေးလိုက်တယ်၊ ဒီဆော့ဝဲထဲမှာလုပ်လို့ရတဲ့ options တွေကတော့ Windows updates uninstaller|Programs uninstaller|toolbars uninstaller|Large programs uninstaller| စသည်အားဖြင့်ပေါ့ဗျာ။ အဲဒါကြောင့်တောင်းတဲ့သူကော အခြား စာဖတ်သူများကော လိုရင်သုံးလို့ရအောင် All in 1 လိုမျိုးတင်ပေးလိုက်တာပါ မူလ၀က်ဆိုက်မှာသွားဒေါင်း လိုက်ပါ၊ အားလုံးအဆင်ပြေ မယ်လို့ထင်ပါတယ်။ ကီးတွေဘာတွေ စိတ်ပူစရာမလိုပါဘူး..(Portable) ပါပဲခင်ဗျာ။ ပေးထားတဲ့ ဆော့ဝဲကို ဒေါင်းပြီးတော့ ဖွင့်လိုက်တာနဲ့ ပွင့်လာမှာပါ၊ အင်စတောလုပ်စရာမလိုပါဘူး၊ တစ်နည်းအားဖြင့် (Portable) ပေါ်တေးဘဲလ် လို့လည်းခေါ်ပါတယ်။ ဒါဆိုတော့ တောင်းတဲ့ သူလည်းအဆင်ပြေစေဗျာ..
Locker : User Time Control Center
No comments:
ကျွန်တော် ဆော့ဝဲကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆော့ဝဲက ကျတော့ ကွန်ပြူတာ တစ်လုံးထဲကို အယောက် တစ်ဆယ် နှစ်ဆယ် သို့မဟုတ် ဆိုင်မှာထား သောကွန်ပြူ တာတွေ အတွက် ဖြစ်ပါတယ်၊ အသုံးလဲဝင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီဆော့ဝဲလေးက Timer လေးလိုပါပဲ ၊ ကွန်ပြူတာ သုံးချိန်ကို သပ်မှတ်ပေးတဲ့ ဆော့ဝဲ လေးပါခင်ဗျာ။ ဥပမာ- ၁၅ မိနစ်နဲ့လူတစ်ယောက် ကိုပေးသုံးမယ်ဆိုရင် ၁၅ မိနစ် မှတ်ထားပေးလိုက် ၊၁၅ မိနစ်ကျော် ရင် သူ့ ဘာသာသူ Lock Off လုပ်ပေးပါလိမ့်မယ်။ ဒါကြောင့် လူသုံးများတဲ့ ကွန်ပြူတာတွေ အတွက် အသုံး ၀င်တာပါခင်ဗျာ။ ကျွန်တော်တော့ မ စမ်းရသေးပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ကွန်ပြူတာက ကျွန် တော့တစ်ယောက်ကလွှဲလို့ ဘယ်သူမှ မကိုင်လို့ ပါ။ အသုံး လိုတဲ့ သူတွေပဲဒေါင်းသွားပါ။
FileSize: 4.19 MB
Download: 2shared | UppIT | Filecloud
Software: Windows Orb Changer
No comments:
Windows Start Menu icon လေးကိုတစ်နည်းအားဖြင့် Orb လို့လည်းခေါ်ပါတယ်။ Orb ခေါ်ချင်းအကြောင်း အရာ က တော့ သူ့ ရဲ့ပုံသဏ္ဌန်က စက်ဝိုင်းပုံဖြစ်လို့ပါပဲ။ ကဲအဲ့ဒီ Start Menu icon လေးကို ပြောင်းချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလေးကို ဒေါင်းပြီး အသုံးပြုနိုင်ပါကြောင်း။
FileSize:
Windows 8 Mouse Cursors
2 comments:
Windows 8 ထွက်တာတောင်တော်တော်ကြာနေပီ၊ သူငယ်ချင်းတို့ကော သုံးဖြစ်သလား၊ စမ်းကြည့်ကြည့်ပီလား? အနော်ကတော့ Developer Version ထွက်တာနဲ့ ထိပ်ဆုံးကနေ တန်းစီပြီးတော့ ဒေါင်းလော့အင်စတော့လုပ်ပီးသွားပြီး။ Windows 8 က Social ဆိုက်တွေနဲ့ Network ဆိုက်တွေကိုဦးစားပေး ထားတာတွေ့ရပါတယ်။ ဥပမာ Facebook တို့ Twitter တို့ပေါ့။
Software: Unible DriverScanner 2013
2 comments:
ကွန်ပြူ တာတစ်လုံး ကို မူလ အတိုင်းသုံးဖို့က ကွန်ပြူတာ ထဲမှာရှိတဲ့ Driver တွေကို ကွန်ပြူတာက သိမှ အားလုံး အဆင်ပြေမှာပါ။ အင်္ဂလိပ်လို ပြန်ပြောရ မယ်ဆိုရင်တော့... If you want your computer to function correctly, computer need to know the drives that you have installed inside. အင်္ဂလိပ် လိုပြောတော့ ပိုသေချာတာ ပေါ့။ ဒါကြောင့် ကွန်ပြူတာ ထဲမှာ ထည့်ထားတဲ့ Drive တွေကိုသိဖို့ က Driver တွေလိုပါတယ်။ Driver software တွေက တစ်ခုချင်းစီ လိုက်ရှာနေရင် ကမ္ဘာပျက်ရင် ပျက်သွား လိမ့်မယ်... Driver တွေရှာလို့ ကုန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကြားဖျက် အနေနဲ့ ဆော့ဝဲလေး သုံးပြီး မြန်မြန်လေး ရှာပြီး အင်စတော လုပ်ကြည့်ကြရအောင်ဗျာ..။ ခုတင်ပေးထားတဲ့ driver scanner software က Uniblue company ကထုပ်လုပ်ထားတဲ့ ဆော့ဝဲ လေးပါ။ Uniblue ကလည်း system နဲ့ပတ်သပ် တဲ့ဆော့ဝဲတွ တော်တော်များများ ထုပ်ထားပါတယ်။ ဆော့ဝဲအသုံးပြု သူများအတွက် Driver တွေကို လွယ်လွယ် ကူကူ ရှာနိုင်အောင် လို့ ဒီဆော့ဝဲ လေးကို ကီးနှင့်တစ်ကွ ပြန်ရှယ်လိုက်ပါတယ်။ 2013 အတွက် ထုတ်လုပ် ထားတဲ့ အတွက် အားလုံးလည်း ကြိုက်မယ် လို့မြင်ပါတယ်။ အဆင်ပြေရင် တော့ဒေါင်း လိုက်ကြပေတော့။ *(Re-uploaded with new Key)* 
FileSize:4.94MB
Download: Mediafire/Filecloud
Software: Earth Alerts - Weather
3 comments:
Filesize: 2.47 MB
Active Desktop Calendar 7
No comments:
အလုပ်နဲ့ မကင်းတဲ့ သူတွေအတွက် Calendar / reminder တွေနဲ့လည်း ကင်းကြမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တိုတတွေ လုပ်ရမယ့် ကိစ္စတွေကို နည်းလမ်း အမျိုးမျိုးနဲ့ မှတ်ကြ တတ်ပါတယ်။ ဒီဆော့ဝဲလေး ကတော့ Reminder Sidebar ပုံစံလေးပါ။ တစ်နည်း အားဖြင့် widget လို့လည်းခေါ်ပါတယ်။ အဲဒီလိုပေါ်နေတော့ ကွန်ပြူ တာဖွင့်လိုက်တိုင်း အော်တို ပေါ်နေတာပေါ့။ ကွန်ပြူတာ ဖွင့်တာနဲ့ မြင်ရပီး ဆိုရင် လုပ်ရမယ့် တာဝန်တွေ ပေါ်နေတော့ ဘာလုပ်ရ မလဲဆိုတာ သိကြပါပြီး...။ ကယ်...အသုံးပြုလို သည်ဖြစ်စေ၊ စမ်းကြည့် ချင်သည် ဖြစ်စေ...ဒေါင်းလိုက်ကြပါဦး။ ပထမ စစ ဦးဆုံးတော့ ကိုယ့်စိတ်ကြိုက် ပုံစံဖြစ်ဖို့ သူ့ ရဲ့  Setting တွေကိုလိုက် ကလိရပါလိမ့်မယ်။ Software လေးဖွင့် ထားပြီးဆိုရင် tray icons တွေရှိတဲ့ နေရာမှာ ပေါ်နေပါလိမ့်မယ်။ အဲ့ဒီမှာ သူ့ ရဲ့ icon ကို Right Click ထောင့်ပြီး Settings ကိုပြန်သွားနိုင်ပါတယ်။ ဒီဆော့ဝဲက အရမ်းကောင်းတဲ့ အတွက် ကွန်တော်ပြန်ရှယ် ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံး လည်း နှစ်သတ် မယ်လို့ ယုံကြည်ပါတယ်။ အဆင်ပြေကြစေ ဗျား။
FileSize: 10.33 MB
Window Doctor 2.7 Full Version
No comments:
Windows Doctor က နာမည်အတိုင်းပဲ Windows ထည်းမှာပါတဲ့ Registry နဲ့ အခြား Junk ဖိုင်တွေကို ရှင်းပေး တဲ့ဆော့ဝဲလေးပါ။ Ccleaner နဲ့တူတူပါပဲ... ဒါပေမယ့် ဒီဆော့လေးထည်း မှာ Feature တော်တော်များများပါ ပါတယ်၊ auto shutdown ပါအပါအ၀င်ပေါ့။ ဒီဆော့ဝဲလေးက ဒီဇိုင်းလဲ လန်းလန်းလေး ဆိုတော့ အားလုံးလဲ သုံးရတာ ပျော်မယ် လို့ ထင်ပါတယ်။ Fullversion လုပ်နည်းကတော့ Crack ဖိုဒါ ထဲက ဖိုင်နှစ်ဖိုင်ကို ဆော့ဝဲအင်စတော လုပ်ထားတဲ့ နေရာ မှာ copy replace လုပ်ပေးလိုက်ရင် ဖြစ်သွားမှာပါ။ အရေးကြီးတာကတော့ Program အင်စတော လုပ်ပြီးနောက် မဖွင့်ဖို့ အရေးကြီးပါတယ်၊ ဖွင့်လိုက်တာနဲ့ သူ auto update လုပ်လိုက်မှာ ဆိုလို့ပါ။ update လုပ်လိုက်ရင် ပေးထားတဲ့ crack တွေက အလုပ်မလုပ်တော့ပါ၊ ဒါ့ကြောင့် program ကို အင်စတောလုပ်ပြီး မဖွင့်မိဖို့ အရေးကြီးပါတယ်။ အားလုံး အဆင် ပြေရင် ဒေါင်းလိုက်ပေတော့။
FileSize: 9 MB
Software: Data recovery wizard v5.5
No comments:
Filesize: 4.21MB
Download: mediafire|filecloud
Windows Password Re-setter (100%Work)
Windows တွေမှာ password မေ့သွားလို့ ပြန်ဖွင့် မရဖြစ် နေသလား? မပူပါနဲ့ ကျွန်တော် တွေ ့ထားတဲ့ နည်းလမ်းတစ် လမ်းရှိပါတယ်၊ အဲ့ဒီနည်း လေးကတော့ boot ကနေ Password ဖြုတ်ဖို့ပါပဲ။ ဒီဆော့ဝဲလေးက တော်တော် ကောင်းပါ တယ်၊ ဘာလို့ ကောင်းသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင် စမ်းပြီးတော့ အလုပ်လုပ် ခြင်းကို တွေ ့ရှိထားလို့ပါ။ ကျွန်တော် ဒီနည်းလမ်းကို စတွေ ့တာကတော့ Youtube ထဲကနေပါ။ ဒီနည်းလေးက Windows တွေအားလုံးမှာ အလုပ်လုပ်ပါတယ်၊ Windows Xp | Windows Vista | Windows 7 တို့မှာ အလုပ်လုပ်ပါတယ်။
Software: USB Guard v6.8
No comments:
USB ၊ Thumb-Drive နဲ့ Flash-drive တွေကို အသုံး များရင်တော့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Security tool ကတော့ USB Guard ဆော့ဝဲပဲ ဖြစ်ပါတယ်။ ဒီဆော့ဝဲလေးက သင်ထည့်လိုက်တဲ့ USB Device ကို Scan အရင်လုပ် ပေးပြီး Dangerous ဖြစ်တဲ့ ဖိုင်တွေကို ဖျတ်ပေးပါတယ်။ ဥပမာ- .inf ဖိုင် နှင့် autorun ဖိုင်တွေပေါ့။ Full Version လုပ်ပုံက Crack ဖိုဒါထဲက USBguard ဖိုင်ကို ဆော့ဝဲ အင်စတော လုပ်ထားတဲ့ နေရာမှာ Copy Replace လုပ်ပေးလိုက်ပါ။ ပြီးရင် တော့ Program ကိုပြန်ဖွင့်ပြီး notepad ဖိုင်ထဲက ကီးနဲ့ Activate လုပ်ပေးလိုက် ရင် Fullversion ဖြစ်သွား ပါလိမ့်မယ်။ အားလုံးအဆင် ပြေကြပါ စေခင်ဗျာ။
FiLeSiZe: 6.64 MB
Cleaner: CCleaner
1 comment:
Ccleaner လေးပါခင်ဗျား။ ကျွန်တော်လောလောဆယ်သုံးနေတဲ့ဆော့ဝဲလေးပါ။ ကျွန်တော်သုံးတဲ့နည်းကတော့ ကွန်ပြူတာ စစဖွင့်ချင်းတချက်ရယ် ၊ ကွန်ပြူတာပိတ်ချင်းတချက်ရယ်သုံးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အင်တာနက်သုံးထားရင် Browsers တွေမှာ History အမြဲမှတ်မှတ်ပေးထားပါတယ် ၊ မှတ်ထားတာတအားများသွားရင် အင်တာနက်ကအလိုလို လေးသွားရော ။ အဲဒါဒီဆော့ဝဲလေးနဲ့ဖြေရှင်းကြည့်ပါ ၊ အင်တာနက်ကနဲနဲတော့မြန်လာပါလိမ့်မယ်။ အများကြီးမမြန်ရင် လည်းနဲနဲပေါ့။နောက်ပြီးတော့ ကွန်ပြူတာထဲမှာရှိတဲ့ Error တွေကိုလည်းပြန်ပြင်ပေးပါတယ်။ ဥပမာ - Dll ပြသနာမျိုးတွေလိုမျိုးပေါ့။  အနည်းဆုံးတစ်ပတ်တခါတော့ သုံးပေးပါခင်ဗျာ။ orginal လင့်ခ်မှာပဲ ဒေါင်းပေတော့ ။