Use your (Android) as Mouse or Keyboard


ဒီတစ်ခေါက် Desktop/Laptop ကွန်ပြူတာတွေကို ဖုန်းနဲ့ Mouse အနေနဲ့သုံးကြည့်ကြရအောင်ခင်ဗျာ။ သိထားရမှာက ဖုန်းနှင့် ကွန်ပြူတာသည် Network တစ်ခုတည်းသုံး ထားဖို့ပဲဖြစ်ပါတယ်။ သုံးပုံသုံးနည်းကတော့ ကျွန်တော်တို့ ဖုန်းထဲမှာ App တစ်ခုဒေါင်း လော့လုပ်မယ် ပြီးရင် ကျွန်ပြူတာထဲမှာ Software တစ်ခု Run ထားရမှာပါ။ ကွန်ပြူတာထဲမှာ ဖွင့်မဲ့ဖိုင်က Java ဖိုင်ဖြစ်တဲ့အတွက် ကွန်ပြူတာထဲမှာ Java Software အင်စတောလုပ်ဖို့ လိုပါလိမ့်မယ်။ အင်စတောမလုပ် ထားရသေးဘူး ဆိုရင်တော့ ဒီလင့်မှာ သွားပြီးဒေါင်းလိုက်ပါ။ Ready ဆိုရင်စလိုက်ရအောင်ဗျို့။

ဖုန်းထဲတွင် App Download လုပ်နည်း
  • ဖုန်းထဲမှာရှိတဲ့ PlayStore ကိုသွားပါ။
  • ပြီးရင်တော့ Android Mouse and Keyboard လို့ရိုက်ပြီးရှာပါ။ (သူ့ရဲ့အိုင်ကွန်လေးကတော့ မြှားပုံလေးနဲ့ဖြစ်ပါတယ်)
  • ရှာပြီးရင်အင်စတောလုပ်ပါ။
  • အဲ့ဒီ App ကိုဖွင့်ပြီး Wifi ကိုနှိပ်ပါ။
  • နောက်ထပ် ဘောင့်စ်တစ်ခုပေါ်လာပါလိမ့်မယ် Server IP အတွက်ဖြစ်ပါတယ်။
ကွန်ပြူတာထဲတွင် Java file Run နည်း
  • ဒီလင့်ခ်မှာ Desktop/Server ဒေါင်းပါ။(zip file)
  • အဲ့ဒီ zip ဖိုင်ကို ကွန်ပြူတာထဲက တစ်နေရာရာမှာ ဖိုင်ဖြည်ပြီး သိမ်းထားပါ။
  • ပြီးရင်တော့ AndroMouse Dekstop ဖိုင်ကိုဖွင့်ပါ။
  • ထိပ်ဆုံးမှာ Your IP Adress: ဆိုပြီးပြပါလိမ့်မယ်။

အဲ့ဒီ IP Number ကို ခုနကဖုန်းမှာတောင်းတဲ့ Server IP ဘောင့်စ်ထဲမှာ ရေးပေးလိုက်ပါ။ ပြီးရင်တော့ Connect ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ အသင့်ဖုန်းကို မောင့်စ်(mouse) အနေနဲ့ကော ကီးဘုတ်(keyboard) အနေနဲ့ပါ ကွန်ပြူတာအတွက်သုံးလို့ ရပါပြီး။

~အဆင်ပြေကြပါစေ။