
ဒီနည်းလမ်းလေးက Windows 8 ကနေ Windows 7 မှာရှိတဲ့ ပုံစံအတိုင်းပြောင်းတဲ့နည်းလမ်းလေးပါပဲ။ အချို့ပုံစံတွေပဲ ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့် System တစ်ခုလုံးပြောင်းမှာမဟုတ်ဘူးဆိုတာကိုတော့ သိရှိထားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာတွေကိုပြောင်းမလည်း ဆိုတာကို ကြည့်လိုက်ကြရအောင်။
Contents
- Create restore point
- Download File
- Bring Start Menu Back
- Disabling Charms bar
- Disabling Metro UI
- Bring Win 7 Default library Back
- Disabling window Ribbon
ကျွန်တော်တို့ Windows 8 ဖိုင်တွေအချို့ကိုပြောင်းမယ်ဆိုတော့ အရင်ဆုံး Restore Point တစ်ခုလုပ်ထားဖို့ ကျွန်တော် အကြံပြုပါတယ်။ Windows Restore အကြောင်းပိုသိချင်ရင်တော့ [Link] ကိုသူရ၀က်ဆိုက်မှာ ပြည့်ပြည့်စုံစုံ သွား၍ဖတ် ရှုလိုက်ကြပါခင်ဗျာ။

Restore Point တစ်ခုပြုလုပ်နည်း
- Control Panel သို့သွား၍ ညာဖက်အပေါ်က Search မှာ Create Restore Point ဆိုတာရိုက်ပြီးရှာပါ။
- တွေ့ရင်တော့ နှိပ်လိုက်ပါ၊ ဘောင်စ့်တစ်ခုထပ်ပြီးပေါ်လာပါလိမ့်မယ်။
- ဘောင့်စ်ရဲ့ အိုခေ နှိပ်တဲ့အပေါ်နားလေးမှာ Create ဆိုတာလေးကိုနှိပ်လိုက်ရုံနဲ့ Restore Point ဆိုတာဖြစ်သွားပါလိမ့်မယ်။

နည်းလမ်းတွေမစခင် လိုတဲ့ဖိုင်တွေ ဒေါင်းလိုက်ရအောင်။ လိုတဲ့ဖိုင်များကို .rar ဖိုင်နဲ့ချုပ်ပြီးတော့ ကိုယ်ပိုင်လင့်ခ်မှာ တင်ပေးထားပြီးတော့၊ ဒေါင်းရတာ အဆင်ပြေအောင် ဖိုင်ကို 1MB ပဲရှိအောင်လုပ်ထားပေးပါတယ်။
Windows 8 အတွက် Start Menu ပြန်ထည့်ဖို့ ဆော့ဝဲများစွာ အွန်လိုင်းမှာရှိပါတယ်၊ အဲ့ဒီအားလုံးထဲကနေပြီးတော့ StartIsBack ဆိုတဲ့ဆော့ဝဲကို ကျွန်တော်အကြိုက်ဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ program ထဲမှာပါတဲ့ အချို့သော Functions များဟာ တစ်ချို့ဆော့ဝဲမှာ မပါလို့ပါ။ ဥပမာ− Charm Bar လို့ခေါ်တဲ့ ညာဖက်က Search Bar အမည်းဘောင့်စ်ကို Disable လုပ်တဲ့ option နှင့် အခြားသော options တွေပါသောကြောင့်ပဲဖြစ်ပါတယ်။
ခုနကဒေါင်းထားတဲ့ .rar ဖိုင်ထဲကမှ StartIsBack ဖိုင်ထဲမှာရှိတဲ့ Registration ဖိုင်ကိုအရင် Run လိုက်ပါ၊ ပြီးမှသာ Setup နှင့်အင်စတော လုပ်လိုက်ပါ။ Registration နှင့် Setup ကိုအင်စတောလုပ်ပြီးတာနဲ့ တစ်ပြိုင်နက် Activate ဖြစ်သွားပါလိမ့်မယ်။ သတိ** - အင်စတောလုပ်ပြီးသွားသောအခါ ဘောင့်စ်တစ်ခုပေါ် လာလျှင် မပိတ်ပါနှင့်..အောက်မှာ ဆက်ဖတ်ပါ။
Metro UI+ CharmBar ဖျောက်နည်း
StartIsBack ကို အင်စတောလုပ်ပြီးနောက်..ပေါ်လာတဲ့ ဘောင့်စ်မှာရှိသော ဘယ်ဘက်ထောင့်က Switching ကိုနှိပ်ပါ။ နှိပ်ပြီးရင်တော့ Configure hot corners စာတန်းအောက်က All screen corners are active on desktop ဆိုတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ Ok နှိပ်လိုက်ပါ။ ခုဆိုရင်တော့ အသင် Window စဖွင့်တာနဲ့ နဂို Desktop ပေါ်ရောက်ရှိပြီး CharBar ဆိုတဲ့ ညာဖက်က ဘောင့်စ်အမည်းပျောက် သွားပါလိမ့်မည်။

Disabling Ribbion & win7 library
၀င်းဒိုး ၈ မှာဆိုရင် My Computer ဖွင့်လိုက်တာနဲ့ Document, Picture, Music စသည်အားဖြင့်သော Library Assets များနှင့်ပြည့်နပ် နေပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ Windows 7 က Library လိုမျိုးပြန်ထည့်မှာဖြစ်ပါတယ်။ အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း ဖျောက်ပြီး Library ပြန်ထည့်ဖို့ကို ဒေါင်းထားတဲ့ဖိုင်ထဲက OldNewexplo...exe ကို Run ပြီး install ဆိုဒါကို နှိပ်လိုက်ပါ။ ပြီးရင် Behavior, Apperance စသည်အားဖြင့်အားလုံးကို အမှန်ခြစ်တွေ ပေးလိုက်ပြီး Close နှိပ်လိုက်ပါခင်ဗျာ။ ကယ်....ခုဆိုအောက်က ပုံအတိုင်း အသင့်ကွန်ပြုတာသည် Windows 7 ပုံစံအတိုင်းဖြစ်သွားပါပြီး။

အခုလို အဆုံးအထိ ဖတ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ကျွန်တော် ရေးထားတဲ့အတိုင်းသာ တစ်ဆင့်စီလိုက်လုပ် ကြပါခင်ဗျာ၊ ဒီပိုစ့်က နှစ်ရက်တောင်မှ အချိန်ယူပြီးရေးထားတာ...အားလုံးအဆင်ပြေ ကြပါစေလိုစုတောင်းပေးပါတယ်။
မရှင်းတာများ၊ အခက်အခဲများရှိရင် မန့်ပေးသွားကြပါလို့....ကျွန်တော် တတ်နိုင်သလောက် မြန်မြန် Reply လုပ်ပေးပါမယ်။
ReplyDeleteThanks!
WINDOW 7 ကို 8 ဖြစ်အောင် upgrade လုပ်နည်း သိချင်ပါတယ်။ အင်တာနက်ကနေ ဒေါင်းလို့ ရနိုင်မလား
ReplyDeleteကျေးဇူးဖြင့်
ReplyDeleteI really like your post, thanks for share!
If you want to download free ringtone for mobile, please visit here to download, it's 100% free: http://bestringtones.mobi/sms-message-tones/,
Very Nice Post : INRPlus, a leading financial services provider, today announced the expansion of its Home Loan services to better serve the growing needs of homebuyers in Noida. This initiative aims to make the dream of homeownership a reality for more individuals and families in the region by offering competitive rates, flexible terms, and a streamlined application process.
ReplyDelete