How to : Clean_Firefox_Toolbars

မင်္ဂလာပါခင်ဗျာ...၊ ခုပိုစ့်တင်ပေးလိုက်တာက ရိုးရိုးလေးနဲ့အေးအေးလေး။ FireFox ကို 90% လောက်သုံးနေကြပြီ ဒါပေမယ့် FireFox ကိုရှင်းရှင်းလေး သုံးနေတဲ့သူ ရှားမယ်လို့ထင်ပါတယ်။ အပေါ်ကပုံက ကျွန်တော်သုံးနေတဲ့ FireFox ပါ ၊ ToolBars တွေမထည့်ထားပါဘူး။ ကွန်ပြူတာစစ ၀ယ်ချင်းဆို Nortan Bar တွေ Ask. bar တွေနဲ့ ရှုပ်နေ ပါတယ်။ အဲလို ToolBars တွေကို ဖြုတ်ထားခြင်းဖြင့် သင့်ရဲ့အင်တာနက်ကို မြန်စေပါတယ် ၊ အထူးသဖြင့် မြန်မာ ပြည်မှာအင်တာနက်သုံး သူများအတွက်ပါ။ ကဲ...စစ်ချီလိုက်ကြရအောင် အဲလေ စလိုက်ကြရအောင်လို့.။


နည်းလမ်း
  • ၁) FireFox ကိုဖွင့်ပါ။ ( ဖွင့်ပြီးသားဆို မပူပါနဲ့ ;)
  • ၂) FireFox ထဲက View > ToolBars မှာ Navigation Bar ကလွှဲလို့ အခြား Bar တွေကို Uncheck လုပ်လိုက်ပါ။
  • ၃) အရေးကြီးတဲ့ Menu Bar ကို အလွယ်တကူ F10 နှိပ်ပြီးတော့ ဖော်နိုင်ပါတယ်။

*Extra*

Bookmark အတွက်အသုံးလိုသူများလည်း BookMark icon လေးထည့်နည်းရှင်းပြပါမယ်။
  • ၄) F10 ကိုနှိပ်ပြီးတော့ View > ToolBars > Customize မှာ BookMark icon လေးကို ဆွဲပြီးတော့ Adress bar ဘေးနားမှာ ထည့်ပေးလိုက်ပါ။ ပြီးရင် Done ကိုနှိပ်ပြီး FireFox ကို Restart လုပ်ပေးလိုက်ပါ။
အားလုံးအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ။ မရှင်းရင် အောက်မှာ ဗီဒီယိုလေးကြည့်သွား ပေးစေချင် ပါတယ်။

No comments:

Post a Comment

Any suggestion or feedback?