ကျွန်တော်တို့လက်ရှိသုံးနေတဲ့ ၀င်းဒိုး မှာ မြန်မာဖောင့်တွေ မပေါ်ပါဘူး၊ ဘာလို့မပေါ်လဲဆိုတော့ သူ့ရဲ့ System font format နေရာမှာ ဇော်ဂျီကိုမပြောင်းထားပေးတဲ့ အတွက်ပဲဖြစ်ပါတယ်။ အဲလိုအခါကျရင် မြန်မာလိုရေးထားတဲ့ icon နာမည်တွေက လေးထောင့် ဖြစ်နေပါတယ်၊ အဲဒါကို ကျွန်တော်တို့ မြန်မာလိုဖြစ်အောင် ပြောင်းကြည့်ရအောင် ဗျ။
နည်းလမ်း
- Desktop ပေါ်မှာ right Click လုပ်ပြီး Properties ကိုသွားပါ။
- Desktop background ချိန်းတဲ့ icon ဘေးက Window Color ကိုနှိပ်ပါ။(နမူနာ ဓါတ်ပုံကြည့်ရန်)
- Color ရွေးတဲ့နေရာမှာ အောက်ဆုံးက Advanced appearance set...ကိုနှိပ်မယ်။
- Window Color and Appearance ဘောင့်စ်တစ်ခုပေါ်လာ ပါလိမ့်မယ်။(နမူနာ ဓါတ်ပုံကြည့်ရန်)
- items နေရမှာ icon နဲ့ menu ကိုရွေးရပါလိမ့်မယ်၊ ပထမဦးဆုံး icon ကိုရွေးပြီး Font နေရာမှာ Zawgyi-One ကိုရွေးပေးပါ။ နောက်တစ်ခေါက် items နေရာမှာ menu ကိုရွေးပေးပီး font နေရာမှာ Zawgyi ထားပေးပြီးတော့ Ok လိုက်ပေါ့ဗျာ။(နမူနာ ဓါတ်ပုံကြည့်ရန်)
No comments:
Post a Comment
Any suggestion or feedback?